Terms and Conditions

သတ်မှတ်ချက်နှင့်စည်းကမ်းချက်များ

            Ga Mone Pwint Co., Ltd ၏ https://gmpshopping.com    ဝက်ဘ်ဆိုက်ကို ဝင်ရောက် အသုံးပြုသူ လူကြီးမင်းအနေဖြင့် GMP E-Commerce ၏ သတ်မှတ်ချက်နှင့် စည်းကမ်းချက်များကိုသဘောတူပြီး အောက်ပါ စည်းကမ်းချက် တစ်ခုချင်းစီအလိုက် လူကြီးမင်းအနေဖြင့် လိုက်နာ သဘောတူသည်ဟု မှတ်ယူရပါမည်။

           သတ်မှတ်ချက်နှင့်စည်းကမ်းချက်များ ပြုပြင်မွမ်းမံမှုကိုလူကြီးမင်းအနေဖြင့် သတိပြုမိစေရန် အခါအားလျော် စွာကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့ ဝင်ရောက်စေလိုပါသည်၊၊ ပြုပြင်မွမ်းမံမှုတစ်ခုခုကို လူကြီးမင်းအနေဖြင့်  လက်ခံနိုင် ခြင်းမရှိပါက(သို့မဟုတ်)သဘောမတူပါက GMP E-Commerceဝန်ဆောင်မှုအသုံးပြုခြင်းကို ရပ်ဆိုင်းရပါမည်။

၁။အကောင့် ဖွင့်ခြင်း             

(က) ထုတ်ကုန်များဝယ်ယူခြင်းနှင့်ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် လူကြီးမင်းအနေဖြင့် အကောင့်တစ်ခုကို ဦးစွာပြုလုပ်ရပါမည်။အကောင့်တစ်ခုအတွက် လူကြီးမင်း၏ တရားဝင်မိုဘိုင်းနံပါတ်( သို့မဟုတ်) အီးမေးလ် လိပ်စာ တစ်ခုပေးရပါမည်။အကောင့်မှတ်ပုံတင်ပြီးပါကစကားဝှက်တစ်ခုပြုလုပ်ရန်တောင်းဆိုပါလိမ့်မည်၊၊လူကြီးမင်းဖြည့် စွက်ခဲ့သောကိုယ်ရေး အချက်အလက်များမှာ မှန်ကန်ပြည့်စုံမှုရှိသည်ဟု တာဝန်ယူကြောင်း သဘောတူပါသည်၊၊ အသက် (၁၈) နှစ်အောက် အကောင့်ပြုလုပ်ရာတွင်မိဘ (သို့မဟုတ်)တရားဝင်အုပ်ထိန်းသူထံမှသဘောတူညီကြောင်း အတည်ပြုချက်ကိုရရှိထားပြီးဖြစ်ကြောင်းသဘောဆောင်ပါသည်၊၊                                                                                                                

 (ခ) အကောင့်ဖွင့်ပြီးပါက 'ကျွန်ုပ်၏အကောင့်(My Account)စာမျက်နှာတွင်လူကြီးမင်း၏အသေးစိတ်အချက်အလက် များကိုပြင်ဆင်မှုပြုလုပ်နိုင်ပါသည်၊၊  လူကြီးမင်းအကောင့်စကားဝှက်၏လျှို့ဝှက်ချက်ကိုထိန်းသိမ်းထားရန်နှင့် စကား ဝှက်ကိုအသုံးပြုပြီးပြုလုပ်ထားသောလုပ်ဆောင်ချက်များ၊ ကုန်အမှာများအတွက်လူကြီးမင်းတွင်သာတာဝန်ရှိပါသည်၊၊

(ဂ) လူကြီးမင်း၏ အကောင့်စကားဝှက် (သို့မဟုတ်) အခြားလုံခြုံရေးချိုးဖောက်မှုတစ်ခုခုကိုအခြားသူတစ်ဦးဦးမှအသုံး  ပြုနေသည်ဟုလူကြီးမင်းအနေဖြင့်သံသယရှိလာပါကGMP E-Commerceသို့ချက်ချင်း ဆက်သွယ် အကြောင်း ကြားရပါမည်၊၊

၂။အကောင့်/အမှာစာ ပယ်ဖျက်ခြင်း 

 (က)  GMP E-Commerce ဝက်ဘ်ဆိုက်၏သတ်မှတ်ချက်နှင့်စည်းကမ်းချက်များကိုလူကြီးမင်းမှဖောက်ဖျက်ခြင်း၊ ဝက်ဘ်ဆိုက်ကိုမရိုးသားသောရည်ရွယ်ချက်ဖြင့်အသုံးပြုနေသည်ဟု သံသယရှိလာပါကလူကြီးမင်း၏ အကောင့်ကို ဖျက်သိမ်းပိုင်ခွင့်ရှိသည်၊၊

(ခ) GMP E-Commerce ပိုင်ဆိုင်သောမူပိုင်ခွင့်များ၊အမှတ်တံဆိပ်များ၊အချက်အလက်များ၊ဓာတ်ပုံများ၊စာမျက်နှာ အပြင်အဆင်/ဒီဇိုင်းများအားခွင့် ပြုချက်မရှိဘဲ လူကြီးမင်းအနေဖြင့် ပြုပြင်ခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ကူးယူဖြန့် ဝေခြင်းများ ပြုလုပ်ပါက GMP E-Commerce မှလူကြီးမင်းအကောင့်ကို ဖျက်သိမ်းပိုင်းခွင့်ရှိသည်၊၊

 (ဂ) လူကြီးမင်း၏ကုန်ပစ္စည်းအမှာကိုပေးပို့ရန် GMP E-Commerce တွင် မမျှော်လင့်နိုင်သော လေဘေး၊ ရေဘေး၊ မီးဘေး၊ မြေငလျင်ဘေး စသည်တို့အပြင် နိုင်ငံတော်၏ ကန့်သတ်တားမြစ်ချက်များ၊ စစ်ဖြစ်ခြင်းစသော အခက်အခဲ အကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်လာပါက လူကြီးမင်း၏ ကုန်အမှာကို ပယ်ဖျက်ခွင့်ရှိသည်၊၊

၃၊၊ ဝန်ဆောင်မှုများရရှိနိုင်ခြင်း     

 (က) GMP E-Commerce  ဝန်ဆောင်မှုများကို အချိန်တိုင်း  အသုံးပြုနိုင်စေရန်ကြိုးပမ်းလုပ်ဆောင် သွားမည် ဖြစ် ပြီး၊ ရံဖန်ရံခါ GMP E-Commerce မှ ဝန်ဆောင်မှုများကို ပြုပြင်ထိန်းသိမ်းခြင်း( သို့မဟုတ်) ဝန်ဆောင်မှု အသစ်များ မိတ်ဆက်ခြင်း တို့ကိုလုပ်ဆောင်နေစဉ်တွင်  GMP E-Commerce ၏ဝန်ဆောင်မှုများသို့ဝင်ရောက်ခွင့်ကိုလူကြီးမင်း အားအသိပေးခြင်း မရှိဘဲယာယီရပ်ဆိုင်းထားနိုင်သည်။

(ခ) GMP E-Commerce ဝန်ဆောင်မှုများကို အသုံးပြုရာတွင် အဆင်ပြေချောမွေ့စေရန်အတွက်လူကြီးမင်း မှတ်ပုံ တင်ထားသောမိုဘိုင်းနံပါတ်(သို့မဟုတ်)အီးမေးလ်လိပ်စာမှတဆင့်ငွေပေးချေမှု၊ မေးမြန်းချက်များ၊တောင်းဆိုချက်များ၊ တိုင်ကြားချက်များ၊  အကောင့်ဝင်ခြင်းလုပ်ငန်းစဉ်များ၊ အကျိုးခံစားခွင့်များနှင့် ပရိုမိုးရှင်းများ အကြောင်းအစရှိသောအ သိပေးခြင်းအချက်အလက်များ  အပြန်အလှန်ပေးပို့ခြင်းကို  လူကြီးမင်းမှ  သဘောတူလက်ခံပြီးဖြစ်ပါသည်၊၊

 

၄၊၊ ဈေးနှုန်းနှင့်ထုတ်ကုန်များ     

(က)  ဝန်ဆောင်မှုများတွင်ပါရှိသော GMP E-Commerce ၏ထုတ်ကုန်ပစ္စည်းအရောင်များကို တိကျစွာပြသရန် ဂရုစိုက်ဖော်ပြ ထားပါသည်။ သို့သော်၊လူကြီးမင်းမြင်ရသော အမှန်တကယ်အရောင်များသည် လူကြီးမင်း၏မော်နီ တာပေါ်တွင် မူတည်၍ အရောင်ဖော်ပြမှုသည် ထုတ်ကုန်များ၏ အမှန်တကယ်အရောင်များနှင့်ထပ်တူကျမည်ဟု GMP E-Commerce မှ အာမမခံနိုင်ပါ။

(ခ) လူကြီးမင်းအော်ဒါတင်သည့်အခါ၊ ရွေးချယ်ထားသောပစ္စည်းများ၊ စျေးနှုန်းနှင့် ပို့ဆောင်ခတို့ကို ငွေရှင်းသည့် စာ မျက်နှာတွင် ပြသထားသည့် နောက်ဆုံး 'စုစုပေါင်း' ပမာဏကို ပေးချေရန် လူကြီးမင်းအနေဖြင့် သဘောတူပြီး ထပ်မံ စစ်ဆေးရန် တာဝန်ရှိပါသည်၊၊ ကုန်ပစ္စည်းမှာယူမှုပြီးဆုံးသည်နှင့် GMP E-Commerce မှလူကြီးမင်း စစ်ဆေးအတည် ပြုပြီးသော အမှာစာ၏'စုစုပေါင်း' ပမာဏကို ငွေပြန်အမ်းမည်မဟုတ်ပါ၊၊

 (ဂ) လူကြီးမင်း၏အမှာစာပြင်ဆင်မှုအားလုံးအတွက်၂၄ နာရီအတွင်းCall/ Viber 09-444 442 155, 09-444 442 166  /   

  [email protected] သို့ သတ်မှတ်ထားသောရုံးချိန်အတွင်းဆက်သွယ်တောင်းဆိုနိုင်ပါသည်၊၊

 ၅၊၊ပစ္စည်းအလဲနှင့်ငွေပြန်အမ်းခြင်း              

           အောက်ဖော်ပြပါအချက်များနှင့်ကိုက်ညီသောအခြေအနေတွင်သာ ပစ္စည်းပြန်လဲခြင်း(သို့မဟုတ်) ငွေပြန်အမ်း      မည်ဖြစ်ကြောင်းလူကြီးမင်းသိရှိသဘောတူထားရပါမည်၊၊    

  (က)ကုန်ပစ္စည်းရောက်ရှိချိန်တွင်ပစ္စည်းများကျိုးပဲ့ပျက်စီးခြင်း၊သက်တမ်းကုန်ဆုံးခြင်း၊မှာယူသည့်ပစ္စည်းမှားယွင်းခြင်း 

    များဖြစ်ပေါ်ပါက GMP E-Commerce မှလူကြီးမင်း၏ဆန္ဒအရအလဲအထပ်ပြုလုပ်ပေးခြင်း(သို့မဟုတ်)ငွေပြန်အမ်း   

    ခြင်းကိုဆောင်ရွက်ပေးမည်ဖြစ်ပြီး အထက်ပါအကြောင်းအရာများမှလွဲ၍ မည်သည့်အချိန်တွင်မဆိုငွေပြန်အမ်းခြင်း     

 (သို့မဟုတ်)အလဲအထပ်ပြုလုပ်ခြင်းများဆောင်ရွက်ပေးမည်မဟုတ်ပါ၊၊

(ခ) လူကြီးမင်းမှကုန်ပစ္စည်းအား အလဲအထပ်ပြုလုပ်ရာတွင်ပစ္စည်းအမျိုးအစား(သို့မဟုတ်)အရေအတွက်များကိုမူလ

     ဝယ်ယူခဲ့သည့်အတိုင်း  GMP E-Commerce ထံသို့ပြန်လည်ပေးအပ်ရပါမည်၊၊ 

 

 ၆၊၊ကုန်ပစ္စည်းပို့ဆောင်ခြင်းနှင့်ငွေပေးချေခြင်း                                                                                                                                                       

 (က) လူကြီးမင်းအမှာစာတွင်   ဖြည့်စွက်မှာယူထားသော   လိပ်စာ၏ အဓိကဝင်ပေါက်အထိကုန်ပစ္စည်းကို GMP E-                                   

  Commerce မှပို့ဆောင်ပေးပါမည်။ GMP E-Commerce ၏အမှာစာပေးပို့သူသည်  လူကြီးမင်းပေးပို့သောလိပ်စာ၏    

  အဓိကဝင်ပေါက်မှလွဲ၍ အခြားနေရာ (သို့မဟုတ်) ထပ်ဆင့်အမှာစာပေးပို့ရန် တောင်းဆိုမှုများကို ငြင်းဆိုနိုင်ပါသည်။

၇၊၊ကုန်ပစ္စည်းများစစ်ဆေးခြင်း

(ကလူကြီးမင်းအမှာစာတွင် ပါရှိသောပစ္စည်းများကို လာပို့သူ၏ရှေ့တွင် ပစ္စည်းများအား သေခြာစွာ စစ်ဆေးရပါမည်။ ပစ္စည်းလာပို့သူပြန်ပြီးမှ ဖြစ်ပေါ်လာသောပစ္စည်းနှင့် ပတ်သက်သော အကြောင်းအရာများအား GMP E-Commerce မှတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။


၈၊၊ဆက်သွယ်ရမည့်လိပ်စာနှင့်ဖုန်းနံပါတ်များ                                                                                                                      

  _ Ga Mone Pwint Co.,Ltd.

  _ အမှတ်(၃၀၀)၊ ကမ္ဘာအေးကွန်ဒို( ၃လွှာ) ၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊၊

  _ 09 444 442 155,  09 444 442 166